မြိတ်  ၁၅  ဇွန်  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဦးဌေးမြင့် ပိုင်ဆိုင်သော အလျား (၅၀)ပေ၊ အနံ(၇၀)ပေ RC(၆)ထပ် ယုဇနဖောင်ဒေးရှင်းရုံး၏ ပထမထပ်နားနေခန်းတွင် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်က Aircon Safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုအား ပြည်သူတစ်ဦးမှ မီးသတ်ဦးစီးဌာနသို့ ဖုန်းဖြင့်သတင်းပေးသဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးအောင်အောင်ထွန်း ဦးဆောင်၍ သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်မီးသတ်စခန်းနှင့် အရန်မီးသတ်စခန်းများမှ မီးသတ်ယာဉ် စုစုပေါင်း(၁၂)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၂၃ မိနစ် တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် Aircon တစ်လုံးနှင့် Safeguard တစ်ခုမီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုတွင် တာဝန်ရှိသူ ယုဇနဖောင်ဒေးရှင်းရုံး လျှပ်စစ်တာဝန်ခံ ဦးသက်အောင်ထိုက်အား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 

IMG_93