နေပြည်တော်   ၁၅     ဇွန် 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်-မကွေး-ကံပြားလမ်း မိုင်တိုင်အမှတ် (၁၃/၅ )ရှိ ငလိုက်ကြိုးဝိုင်း၊ အကွက် အမှတ် (၂၉၊၃၀)တွင် ၂၀၁၉ခုနှစ် မိုးရာသီ၌ တည်ထောင်မည့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်း ရှင်များအသင်းမှ ကူညီပံ့ပိုးပေးသော အခြား(ဂေဟစနစ်ဖြည့်တင်းရေး) စိုက်ခင်း ဧက (၁၀ဝ)အား ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ လယ်ဝေးမြို့နယ်၊ နေပြည်တော်မြို့ပတ်လမ်း ရန်အောင်မြင်ကြိုးဝိုင်း အကွက် အမှတ်(၁၃)တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်မည့်နေရာသို့ ရောက်ရှိကာ စိုက်ပျိုးပွဲတော်အတွက် ကြိုတင်ပြင် ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ 

 

ထို့နောက် နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)ကားလမ်းဘေးရှိ ၂၀၁၈၊ ၂၀၁၇၊ ၂၀၁၆ ခုနှစ်များတွင် နိုင်ငံတော်အကြီးအကဲများက မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ဖြင့် စိုက်ပျိုးထားသော စိုက်ပျိုးပင်များ၏ ရှင်သန်အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးပြီး ဖိုးဇောင်တောင် ကြိုးဝိုင်း အကွက် အမှတ်(၂၂)၌ ၂၀၁၉ ခုနှစ်၊ မိုးရာသီတွင် သစ်ပင်စိုက်ပျိုးပွဲကျင်းပမည့်နေရာသို့ ရောက်ရှိပြီး ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။ 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် အရိုးဆေးရုံအနီး သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့မှ ၂၀၁၈ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးခဲ့သော ဝါးမျိုးစုံစိုက်ခင်းနှင့် ၂၀၁၉ ခုနှစ်တွင် စိုက်ပျိုးထားသည့် သစ်မျိုးစုံ စိုက်ခင်းများ၏ ရှင်သန်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။ 

 

အပြန်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးအမှတ်(၃၉)သစ်တောဦးစီးဌာနရှိ အမြဲတမ်းပျိုးဥယျာဉ်၌ ၂၀၁၉ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် အသင့်ဖြစ်နေသော ဝါးမျိုးစုံ၊ သစ်မျိုးစုံပျိုးပင်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)