နေပြည်တော်  ၁၅   ဇွန် 
    

တာချီလိတ်မြို့နယ်၊ ပါခါးကျေးရွာအနီး မြေသားရေမြောင်းအတွင်း၌ တာလပတ်စ/ သစ်ကိုင်းများဖြင့် ဖုံးကွယ်ထားသည့် ဆာလာအိတ် ၂၁ အိတ်အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ပူးပေါင်းအဖွဲ့မှ ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် စစ်ဆေးရာ စိတ်ကြွဆေးပြား ၄၂ ဒသမ ၅၄ သိန်း ၊ စိတ်ကြွဆေးမှုန့် ၁ ဒသမ ၉ ကီလို ၊ ကတ်တမင်း ၉၀ဝ ဂရမ် ၊ ဘိန်းညိုမှုန့် ၅ ကီလို ၊ သေနတ်မျိုးစုံ ၉ လက်၊ ကျည်အိမ် ၈ ခု၊ ခဲယမ်းမျိုးစုံ ၁၉,၂၇၉ တောင့်၊စကားပြောစက် ၄ လုံးတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။
    

အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်က တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာ အနီးရှိအိမ်ရှင်(စိစစ်ဆဲ)၏ ၁ ထပ်တိုက်အားမသင်္ကာ၍ ဝင်ရောက်ရှင်းလင်းရာဘိန်းဖြူ ၅ ဒသမ ၃ ကီလို နှင့် မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရ မိခဲ့သဖြင့် ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


 (ရဲပြန်ကြား)

 

1