တနိုင်း ၁၆ ဇွန်
ကချင်ပြည်နယ် မြစ်ကြီးနားအထွေထွေရောဂါကုဆေးရုံကြီးမှ ဆရာဝန်အဖွဲ့( ၁၇)ဦး ပါဝင်သော အဖွဲ့သည် ဇွန် (၁၄ )ရက်က နိုင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ပြည်သူများအား အခမဲ့ ဆေးကုသပေးလျက်ရှိကြောင်း တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

ဆေးရုံအုပ်ကြီး ဒေါက်တာဘမော် လက်ထောက်ဆရာဝန် ဒေါက်တာမျိုးထွန်း မျက်စိ အထူးကုဆရာဝန် ဒေါက်တာမြတ်စုသန်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီး ဒေါက်တာသန်းရွှေ၊ ဖျားနာအထူးကု ဆရာဝန်ကြီး ဒေါက်တာမြတ်သူ၊ အရိုးအထူးကု ဆရာဝန်ကြီး ဒေါက်တာကေနော်အောင် နှင့် ကလေး လက်ထောက်ဆရာဝန် ဒေါက်တာကျော်ကျော်ထွန်း အထက်တန်းသူနာပြုဆရာမ အဖွဲ့ (၁၇)ဦးတို့က တနိုင်းမြို့နယ်အတွင်းရှိ လူနာများအား အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးကုသမှုကို ဇွန်( ၁၄) ရက်နေ့ မွန်းလွဲ ( ၂)နာရီစ၍ ဇွန် ( ၁၅ ) ရက်နေ့နံနက်ပိုင်းအထိကုသပေးသွားသည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
MDN