နေပြည်တော် ၁၆ ဇွန်
ဇွန်လ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၂၆)မိနစ်၊ (ဝ၂)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့ဘက် (၃၃) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (နမ့်စန်မြို့၏ အရှေ့ဘက် (၃၆)မိုင်ခန့်အကွာ ) မြောက်လတ္တီတွဒ် (၂၀.၈၅)ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၈.၂၇) ဒီဂရီ၊ အနက် (၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
MDN