တာချီလိတ် ၁၆ ဇွန် 

စာပေဖတ်ရှုသည့် အလေ့အထများစွဲမြဲစေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာပြီး အနာဂတ်တိုင်းပြည်အတွက် တန်ဖိုးရှိသည့် လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်၍ ကလေးစာပေပွဲတော်ကို ဇွန် ၂၅၊ ၂၆ ရက်တို့တွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် ကလေးစာပေပွဲတော် မြေစိုက်ပိုစတာ ကြော်ငြာဆိုင်းဘုတ်ကို ဇွန် ၁၆ ရက် နံနက် ၉ နာရီ ၃၆ မိနစ်က ကလေးစာပေပွဲတော်ကျင်းပမည့် အထက(တာချီလိတ်)ကျောင်းရှေ့တွင် စိုက်ထူသည်။

 

1

 

ကလေးစာပေပွဲတော် မြေစိုက်ပိုစတာကြော်ငြာဆိုင်းဘုတ်များကို ရှမ်းရိုးမကွင်း၊ မြို့မအားကစားကွင်းလမ်းဆုံနှင့် တာချီလိတ်မြို့အဝင်နေရာများတွင်လည်း စိုက်ထူသွားမည်ဖြစ်သည်။ ထို့ပြင် လမ်းဖြတ်ပိုစတာများကို ဆန်ဆိုင်းမီးပ္ပိုင့်၊ တံတား(၂)မီးပ္ပိုင့်၊ ပါလျှံမီးပ္ပိုင့်နှင့် ဟောင်လိတ်မီးပ္ပိုင့်တို့တွင် ချိတ်ဆွဲသွားမည်ဖြစ်ပြီး ပွဲတော်တွင် အသုံးပြုမည့်ခန်းမနှင့် စတိတ်စင်ကိုလည်း စတင်ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

ကလေးစာပေပွဲတော်တွင် ဂိမ်းကစားပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စက္ကူခေါက်၊ ဖိနပ်စီး၊ စကောရွက်၊ ခါးကွင်းလှည့် ပုံပြင်ပြော၊ ဆေးရောင်ခြယ် စသည့် ကလေးစာပေများဖြင့် ကဏ္ဍစုံလင်စွာ ပြသဆောင်ရွက်သွားမည်ဖြစ်သည်။

 

44

 

“ကျွန်တော်တို့မြို့မှာ ကလေးစာပေပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပတာဖြစ်လို့ အရမ်းဝမ်းသာတယ် စာပေနဲ့ ပတ်သက်တဲ့ ဂိမ်းကစားနည်းတွေရယ် ဗဟုသုတတိုးပွားစေတဲ့ပြခန်းတွေနဲ့ ကလေးစာပေတွေကို တစ်နေရာထဲမှာ တွေ့ရတော့မှာမို့ ကျွန်တော့်လိုပဲ တစ်ခြားကလေးမိဘတွေလည်း ကျေနပ်ပျော်ရွှင်လိမ့်မယ်လို့ ယုံကြည်တယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

ခရိုင်(ပြန်/ဆက်)