နေပြည်တော်  ၁၆   ဇွန် 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း (၁၆) ရပ်ကွက်၊ မောင်းမကန်ကမ်းသာလမ်းဘေးရှိ သစ်တောဦးစီးဌာန၏ ဇီဝထင်းလောင်စာသစ်မျိုး သုတေသနစမ်းသပ်စိုက်ခင်း (၃၉)ဧကစခန်းသို့ရောက်ရှိရာ တာဝန်ရှိသူများက  သုတေသနစမ်း သပ်စိုက်ပျိုးမှုများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇီဝထင်းလောင်စာအတွက် သုတေသနပြုစမ်းသပ် စိုက်ပျိုးထားသည့် သစ်မျိုးစိတ်များ၊ ပန္နက်အကွာအဝေးနှင့် စိုက်ပျိုးသည့်နည်းစနစ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်း၊(၃၆)ရပ်ကွက်၊ ပင်လုံ လမ်း၊ အမှတ်(၆၇၄)ရှိ သစ်အခြေခံစက်မှု နည်းပညာသင်တန်းကျောင်း (Wood Based Technology Training Center) သို့ ရောက်ရှိရာ မြန်မာ့သစ်လုပ်ငန်းနှင့် မြန်မာနိုင်ငံ သစ်တော ထွက်ပစ္စည်းနှင့်သစ်လုပ်ငန်းရှင်များအသင်းတာဝန်ရှိသူများက သင်တန်းကျောင်းစတင်ဖွင့်လှစ်ခဲ့ သည့် ရည်ရွယ်ချက်၊ ၂၀ဝ၅ ခုနှစ်မှ လက်ရှိအချိန်အထိ ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်းအမျိုးအစား များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို လမ်းညွှန်မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၅)ရပ်ကွက်အတွင်း၊ အုတ်ကျင်းအမှတ် (၈)သစ်စက်အနီးရှိ မြန်မာ့သစ်လုပ်ငန်းလေ့ကျင့်ရေး သင်တန်းကျောင်းအမှတ်(၃)သို့ ရောက်ရှိရာ တာဝန်ရှိသူများက သင်တန်းခန်းမအတွင်းမြန်မာ့ သစ်လုပ်ငန်းလက်အောက် ဌာနအသီးသီးရှိ အရာထမ်း/အမှုထမ်းများ စွမ်းဆောင်ရည်မြှင့် တင်ခြင်းဆိုင်ရာသင်တန်းများဖွင့်လှစ်ပို့ချနိုင်မှုများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီးသင် တန်းကျောင်းအတွင် လှည့်လည်စစ်ဆေးကြည့်ရှုသည်။ 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်မြို့နယ်၊ အုတ်ကျင်းအမှတ်(၈) သစ်စက် သို့ရောက်ရှိခဲ့ရာ စက်ရုံအစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက စက်ရုံအတွင်း လုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းတာဝန်ပေးခန့်အပ်ထားမှုများ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးစီမံဆောင်ရွက်ထားရှိမှုများ၊ ကုန်ကြမ်းသစ်လုံးလက်ခံရရှိမှု၊ သစ်ခွဲသားများ ခွဲစိတ်ထုတ်လုပ်နိုင်မှု၊ ဝင်ငွေနှင့် အသုံးစရိတ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့်အား လျော်စွာစီးပွားရေးအရ အောင်မြင်အောင်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ကုန်ကြမ်း နည်းနည်းဖြင့် ဝင်ငွေများ များရရှိရန်အတွက် ဆောင်ရွက်ရာတွင် စက်ပစ္စည်းများ၏ အရည်အသွေးအပြင် ဝန်ထမ်းများ၏ စီမံအုပ်ချုပ်၊ ကြီးကြပ်ညွှန်ကြားမှု သည်အရေးကြီး ပါကြောင်း၊ လုပ်ငန်းခွင် မတော်တဆဘေး အန္တရာယ်မဖြစ်စေရေးလိုအပ်သော အထောက် အကူပြုပစ္စည်းများ၊ လုပ်ထုံးလုပ်နည်းများ ပြည့်ပြည့်ဝဝပံ့ပိုးညွှန်ကြားပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများညီညွှတ်မှုရှိရန်နှင့် တင်ပြချက် များရှိပါကပွင့်လင်းမြင် သာစွာရှင်းလင်းအသိပေးရန် လိုအပ်ကြောင်းလမ်းညွှန်မှာကြားခဲ့ပြီး သစ်လုံးများခွဲစိတ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။  

 

(သတင်းစဉ်)