နေပြည်တော်  ၁၆   ဇွန် 

 

မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၄ ရက် ည ၈ နာရီ ၄၅ မိနစ်က မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဝါးတောရပ်၊ အမှတ်(၁၃) ဂိတ်အဝင်လမ်း၌ တွေ့ရှိသူ ထိုင်းနိုင်ငံသား အာကလပ်ဖုန်း(ခ)ချေးဂိုအား ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၂ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊ 

 

အလားတူ ဇွန် ၁၅ ရက် ညနေ ၅နာရီ ၄၅ မိနစ်က မူးယစ်တပ်ဖွဲ့စု(၇)တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးမြို့၊ ဗိုလ်နိုင်ဝင်းလမ်းအနီး ချုံပုတ်အတွင်းတွေ့ရှိသူ အိန္ဒိယနိုင်ငံသား Puk Cho အား ရှာဖွေရာ ၎င်းထံမှစိတ်ကြွရူးသွပ်ဆေးပြား ၈၅ ပြားနှင့် ဘိန်းဖြူ ဒသမ ဝ၁ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ 

 

MDN