ပေါင်   ၁၇   ဇွန် 

 

သထုံခရိုင် ပေါင်မြို့နယ် အင်းဗြောင်ကျေးရွာ ကွာလီအကွေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ဇွန် ၁၆ ရက် ည ၈ နာရီခန့်က အမျိုးသားတစ်ဦးမောင်းနှင်လာသော ဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားရာမှ ဆိုင်ကယ် မောင်းသူ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပေါင်မြို့မရဲစခန်းမှ သိရသည်။

 

သထုံခရိုင် ပေါင်မြို့နယ် အင်းဗြောင်ကျေးရွာ ကွာလီကွေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ပေါင်မြို့ဘက်မှ သထုံမြို့ဘက်သို့ ယာဉ်မောင်းအမည်(စုံစမ်းဆဲ)၊ မောင်းနှင်လာသော ဆိုင်ကယ်မှာ လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းသို့ လဲကျတိမ်းမှောက်ခဲ့ပြီး ဆိုင်ကယ်မောင်းသူမှာ ဒဏ်ရာများရရှိသဖြင့် ရင်းငြိမ်တိုက်နယ်ဆေးရုံမှတစ်ဆင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသခဲ့ရာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီးနောက် ပေါင်မြို့မရဲစခန်းမှ ဥပဒေအရ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

ကိုဟိန်း( ပေါင် )