မိုးနဲ ၁၇ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုးနဲမြို့နယ် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အလှူရှင်များ ပူးပေါင်းပါဝင် လှူဒါန်းမှုဖြင့် အခြေခံပညာ မူလတန်းအဆင့်ရှိ ကျောင်းများမှ ရင်ခွင်မဲ့ကလေးများ ၊ နွမ်းပါးသောကျောင်းသား/ ကျောင်းသူများအား ကျောင်းဝတ်စုံ ၊ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီကကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုးနဲမြို့နယ်အုပ်ချုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဦးတိုးလှက အသင်း၏ ရည်ရွက်ချက်များ ၊ ကျောင်းဝတ်စုံ ၊ကျောင်းသုံးစာအုပ်များ ပေးအပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်းလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မိုးနဲမြို့ရှိ အခြေခံပညာ ကျောင်း ၁၀ ကျောင်းမှ ကျောင်းသား ၁၅ ဦးနှင့် ကျောင်းသူ ၁၅ ဦး စုစုပေါင်း ၃၀ ဦးတို့အား ကျောင်းဝတ်စုံတစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်နှင့် ခဲတံတစ်ဘူးစီကို မြို့နယ်အုပ်ချုပ်ရေးမှူး ၊ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေး နှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အလှူရှင်များက ပေးအပ်လှူဒါန်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးညွန့်ရွှေ က စာပေရေချမ်းစင်စာအုပ်ငယ် အုပ်ရေ ၄၀ဝ နှင့် မဂ္ဂဇင်း အုပ်ရေ ၂၀ဝ ကို မူလတန်းကျောင်း ၁၀ ကျောင်းရှိ ကျောင်းစာကြည့်တိုက်များအတွက် ပေးအပ်လှူဒါန်းရာ ကျောင်းအလိုက် တာဝန်ခံ ဆရာမများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)