ဖလမ်း  ၁၇ ဇွန်    

 

ချင်းပြည်နယ်အစိုးရအဖွဲ့၏ တတိယ(၁)နှစ်တာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယခုလ ၂၄ ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး( ဟားခါးမြို့) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရန် လျာထားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မီဒီယာများအား တက်ရောက်သတင်းရယူရန်နှင့် မေးခွန်းများ မေးမြန်းနိုင်ရန် ဖိတ်ခေါ်ထားပြီး မီဒီယာတစ်ခုလျှင် မေးခွန်းအများဆုံး(၃)ခု မေးမြန်းနိုင်ပြီး  မေးမြန်းလိုသည့် မေးခွန်းများကို ပြည်နယ် ပြန်/ဆက်ရုံးသို့ ဇွန် ၁၇ ရက်နေ့အရောက်လည်းကောင်း၊ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သတင်းရယူလိုသည့် မီဒီယာများမှ သတင်းထောက်များ၏ အမည်စာရင်းများကိုလည်း ပြည်နယ် ပြန်/ဆက်ရုံးသို့ ကြိုတင်စာရင်းသွင်းရမည်ဖြစ်ကြောင်း သိရသည်။

 

ဂျွန်