နေပြည်တော် ၁၇ ဇွန်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား စစ်ဆေးအရေးယူလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ မှ ၁၆ ရက်နေ့အထိ နှစ်ရက်အတွင်း မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၅ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးသို့ တရားစွဲတင်ပို့မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန လူမှုကွန်ရက် စာမျက်နှာမှ သတင်းရရှိသည်။
ထို့အပြင် အမြန်လမ်း၌ ခါးပတ်မပတ်ဘဲမောင်းနှင်သော မော်တော်ယာဉ်များအား စစ်ဆေးအရေးယူလျက်ရှိရာ ဇွန်လ ၁၅ ရက်နေ့ မှ ၁၆ ရက်နေ့ အထိ တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီးအား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
MDN