မင်းဘူး ၁၇ ဇွန်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်တွင် အသက်မွေးဝမ်းကျောင်း အထောက် အကူပြု စတီးဖြင့် လုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးအောင်(ညွှန်ကြားရေးမှူး) က စတီးဖြင့်လုပ်ငန်း သုံးပစ္စည်းထုတ်လုပ်ခြင်း သင်တန်းဖွင့်လှစ်ရခြင်းမှာ ကျေးလက်နေ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့ကျစေရန်၊ ဝင်ငွေပုံမှန်ရရှိရန်၊ အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ဖန်းတီးပေးနိုင်ရန်၊ အသက်မွေးဝမ်းကျောင်း ပညာများ ကျွမ်းကျင်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက်သင်တန်းနည်းပြမှ သင်တန်းတွင် သင်ကြားပြသပေးမည့် စာတွေ့လက်တွေ့ ဘာသာရပ်များ အကြောင်းအား ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းကို မင်းဘူးမြို့နယ်အတွင်း ရှိကျေးရွာများမှ သင်တန်းသား ၁၅ဦးကို သင်တန်းနည်းပြ ဆရာနှစ်ဦးဖြင့် ၁၅ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး(ဒုတိညွှန်ကြားရေးမှူး) ကပြောပြ၍ သိရသည်။
သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန တိုင်းဦးစီးမှူး ဦးမျိုးအောင်၊ မင်းဘူး ခရိုင်ကျေးလက် ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြ ၂ ဦးနှင့် သင်တန်းသား ၁၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ငြိမ်းသူ(စလင်း)