မုံရွာ ၁၇ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အင်းအလုံးရေ (၂၉၄)အင်း ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လ(၁၇)ရက်နေ့အထိ လေလံစနစ်ဖြင့် ရောင်းချပေးခဲ့ရာ အင်းအခွန်ငွေ (၁၅၂၄၈၁၁၁၆၀)ကျပ်ကို ရရှိခဲ့ပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ အင်းတွေကို နိုင်ငံတော်အတွက် ဝင်ငွေရရှိစေဖို့၊ ဒေသခံရေ လုပ်သားများနဲ့ ရေလုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့အတွက် လေလံစနစ်နဲ့ ရောင်းချပေးတာပါ၊ ကျန်တဲ့အင်းတွေကိုလည်း ဆက်လက်ပြီး ရောင်းချပေးပေးနေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အင်းများကို ယခုနှစ် မေလ(၁)ရက်နေ့မှ စတင်ရောင်းချပေးလျက် ရှိရာယနေ့အထိ စစ်ကိုင်းခရိုင်တွင်(၇၉)လုံး၊ ရွှေဘိုခရိုင်တွင် (၁၂)လုံး၊ မုံရွာခရိုင်တွင် (၁၈)လုံး၊ ယင်းမာပင် ခရိုင်တွင်(၁၇)လုံး၊ ကသာခရိုင်တွင်(၁၃၀)လုံး၊ ကလေးခရိုင်တွင်(၈)လုံး၊ မော်လိုက် ခရိုင်တွင် (၁၁)လုံး၊ ခန်္တီး ခရိုင်တွင် (၁၂)လုံးနှင့် တမူးခရိုင်တွင် (၇)လုံး အင်းအလုံးရေစုစုပေါင်း(၂၉၄)လုံး ကို ရောင်းချပေးခဲ့ကြောင်းနှင့် ကျန်ရှိအင်းများကိုလည်း ဆက်လက်ရောင်းချပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)