၁၇ ဇွန်
သတင်းထောက်တစ်ဦးကို ဆေးဝါးမှုနှင့် တရားစွဲဆိုထားခြင်းကို ပြန်လည်ရုပ်သိမ်းပြီးနောက် တစ်ပတ်အကြာ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် မော်စကိုတွင် လူပေါင်း ၁၆၀ဝ ခန့် စုဝေးဆန္ဒပြခဲ့ကြောင်း သိရသည်။
နိုင်ငံရေးအရလှုံ့ဆော်ခဲ့သော Ivan Golunov ကို ယခုလအစောပိုင်းက ဖမ်းဆီးခြင်းကြောင့် ဝေဖန်မှုကြီးထွားလာကာ တနင်္ဂနွေနေ့က ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။
သတင်းဝဘ်ဆိုက် တစ်ခုတွင် ရေးသားသူ Ivan Golunov သည် ပုဂ္ဂလိက အခန်းကဏ္ဍ နှင့် မော်စကို အစိုးရတို့ အကျင့်ပျက်ခြစားမှု နှင့်ပတ်သက်ပြီး သတင်းရေးသားဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်ကတည်းက သတင်းစာဆရာများ ဖမ်းဆီးခံခဲ့ရကြောင်း အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်သည့် အကြီးတန်း အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ရုရှားနိုင်ငံတွင် သတင်းစာဆရာ ၃၀ဝ ကျော် အသတ်ခံခဲ့ရသည်ကို မေ့လို့မရကြောင်း ၎င်းကဆိုသည်။
အမှိုက်သိမ်းဆည်းမှု ပြဿနာတစ်ခုနှင့် ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ် ကို တည်းဖြတ်ထုတ်ဝေသည့် မိတ္တူစောင်ရေ ၁၀ဝ၀ဝ၀ ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဒေသန္တရသတင်းစာတစ်စောင်၏ အယ်ဒီတာချုပ်တစ်ဦး က ပြောကြားခဲ့သည်။
ထိုအာဏာပိုင်များက နိုင်ငံသားများ အမှန်တရား တွေ့ရှိသည်ကို စိုးရိမ်ကြကြောင်း ၎င်းကဆိုသည်။
အကြီးတန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးက Ivan Golunov ကို ပြီးခဲ့သည့် အင်္ဂါနေ့က ပြန်လွှတ်ပေးခဲ့ပြီးနောက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယင်းအကြီးတန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို