၁၇ ဇွန်

 

အိန္ဒိယနိုင်ငံမှာ လူနာတွေနဲ့ လူနာရဲ့မိသားစုတွေကနေ အကြမ်းဖက်လုပ်ဆောင်မှုတွေကို ကာကွယ်ပေးရန် ထောင်ချီတဲ့ ဆရာဝန်တွေက တစ်ရက်ကြာ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။ ဘင်ဂေါအနောက်ပိုင်းမှာ လူနာတစ်ဦးသေဆုံးမှုနဲ့ ပတ်သတ်ပြီး ကျန်းမာရေးဝန်ထမ်း သုံးဦးကို လူနာရဲ့ မိသားစုဝင်တွေက တိုက်ခိုက်ခဲ့ပါတယ်။ 

 

mdn

 

အဲဒီလုပ်ရပ်ကို ရှုတ်ချတဲ့အနေ အိန္ဒိယဆေးပညာအဖွဲ့အစည်း (IMA) ရဲ့ အဖွဲ့ဝင် ကိုးသိန်းထဲမှ သုံးသိန်းခွဲသော ဆရာဝန်တွေက ဒီကနေ့ (တနင်္လာနေ့) ကနေ မနက်ဖြန်(အင်္ဂါနေ့) နံနက်ပိုင်းအထိ ဆန္ဒပြမှာဖြစ်ပါတယ်။ 

 

ဝန်ထမ်းအလုံအလောက် မရှိခြင်းနဲ့ အခြေခံအဆောက်အအုံက မပြည့်စုံပေမယ့် လူနာရဲ့ မိသားစုတွေက မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့တဲ့အတွက် အခုလို တိုက်ခိုက်မှုတွေ လုပ်တာဖြစ်တယ်။ ဆေးရုံတွေမှာ လုံခြုံရေးကင်မရာ အလုံအလောက် တပ်ဆင်ရေးနဲ့ လူနာဆီလာ ရောက်လည်ပတ်သူတွေရဲ့ အဝင်အထွက်ကို တင်းကျပ်ရန် IMA က တောင်းဆိုထားပါတယ်။ 

 

mdn

 

သေဆုံးသူလူနာရဲ့ မိသားစုဝင်တွေက ဆရာဝန်တွေရဲ့ ပေါ့ဆမှုကြောင့် သေဆုံးရတယ်လို့ အပြစ်တင်ပြီး အကြမ်းဖက်တိုက်ခိုက်ရာ ကျန်းမာရေးဝန်ထမ်းနှစ်ဦးမှာ ဒဏ်ရာ အကြီးအကျယ် ရရှိခဲ့ပါတယ်။ 

 

လူပေါင်း သန်း ၉၀ လောက်နေထိုင်ရာ ဘင်ဂေါအနောက်ပိုင်းမှာ အခုတလောမှ နိုင်ငံရေးပဋိပက္ခတွေကြောင့် လူ ၂၀ နီးပါး အသတ်ခံခဲ့နေရပါတယ်။ 

 

MDN
ကိုးကား- AFP