နေပြည်တော် ၁၇  ဇွန်

 

ခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်သည် ဇွန် ၁၅ ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသော ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၁၉) အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။ 

 

mdn

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေ ဖြင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ တိုးတက်ဝင်ရောက်လာရေးအတွက် Look-East policy နှင့် Look-West Policy များ ချမှတ်ကာ visa relaxation များကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ပြီး ပြုလုပ်ပေးနေပါကြောင်း၊ ထို့ပြင် ဝန်ကြီးဌာန၌ Digital Marketing Taskforce ဖွဲ့စည်းထားပြီး Digital Marketing ဆိုင်ရာကိစ္စရပ်များကို အရှိန်အဟုန်ဖြင့် မြှင့်တင် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း အကောင်အထည်ဖော် ဆောင်ရွက် သွားစေလိုပါကြောင်း၊ ယခု အစည်းအဝေးတွင်လည်း နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော GTMH Telecom ကုမ္ပဏီကိုလာရောက်စေပြီး ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၏ ခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေသော နည်းပညာကိစ္စရပ်များကို ကူညီသွား မည့်အစီအစဉ် များ ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ဥပဒေနှင့်အညီ စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ် ဆောင်ရွက်သွားရန်လိုအပ်ပြီး ဒေသတွင်းဟိုတယ်လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် လူထုအခြေ ပြုခရီးသွားလုပ်ငန်း Community Based Tourism (CBT)ကိုပါ တိုးတက်လာအောင် အကောင်အထည် ဖော်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဟိုတယ်များ စံချိန် စံညွှန်းနှင့်အညီ ဖြစ်စေရေးအတွက် Star Rating သတ်မှတ်နိုင်ရေး၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များခေါ်ယူပြီး ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဌ၊ ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က  ရှမ်းပြည်နယ်ခရီးသွား လုပ်ငန်းများစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိ်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသော ဟိုတယ်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ 

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုအခါတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၌ ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းကို Online စနစ်သို့ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဟိုတယ်များတွင်လည်း ဧည့်စာရင်းတိုင်ရာတွင် Online Guest List Management System ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားရန်လိုအပ်ပါကြောင်း၊ ဟိုတယ်များနှင့် အလှမ်းကွာဝေးသည့် နေရာဒေသများတွင် လူမှုအခြေပြုခရီးသွားလုပ်ငန်း Community Based Tourism (CBT) ကို အကောင်အထည် ဖော်သွားရန်လိုအပ်ပြီး PPP လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းရောင်းကုန်သည် ဝန်ဆောင်မှု (Service) ဖြစ်သည့်အတွက် အထူးအလေးထား ဂရုပြုသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က ဒေသခံအဖွဲ့ အစည်းများနှင့် ပြည်သူလူထုများပူးပေါင်း၍ ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရမည့် အခြေအနေနှင့် စပ်လျဉ်း၍ ပြောကြားသည်။ 

 

ယင်းနောက် GTMH Telecom ကုမ္ပဏီမှ  ဦးမြတ်ကိုကိုစိန်က  ညောင်ရွှေမြို့ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ အကူအညီပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက  ပြန်လည်ဖြေကြားကြသည်။ 

 

(သတင်းစဉ်)