ဆော်ဒီအာရေဗျဘုရင် ဆော်လ်မန်ဘင်အဒူလာဇက်ဇ်အယ်လ်ဆဒ်သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းပျံသန်းရေး အဖွဲ့အစည်း (ICAO) သို့ အမေရိကန်ဒေါ်လာတစ်သန်း လှူဒါန်းခဲ့ကြောင်း ဆော်ဒီအာရေဗျ နိုင်ငံပိုင်သတင်းဌာနက ယမန်နေ့က ရေးသားဖော်ပြခဲ့သည်။
အဆိုပါ လှူဒါန်းငွေကို ICAO ၏ စံချိန်စံညွှန်းများ၊ မူဝါဒများ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်သည့် အကူအညီနှင့် စွမ်းဆောင်ရည်မြှင့်တင်မည့် “မည်သည့်နိုင်ငံမျှ နောက်ကျကျန်ရစ်ခြင်းမရှိစေရ “No Country Left Behind” အစီအစဉ်သို့ ခွဲဝေပေးမည်ဖြစ်သည်။
ဆော်ဒီအာရေးဘီးယားနိုင်ငံသည် ၂၀၁၆ ခုနှစ် အတွင်းကလည်း ICAO သို့ အလားတူပမာဏ လှူဒါန်းခဲ့ဖူးသည်။ အကူအညီများက အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်တွင် အရပ်ဘက် လေကြောင်းပျံသန်းရေးနှင့် လုံခြုံရေးမြှင့်တင်ရာတွင် အထောက်အပံ့ဖြစ်စေခဲ့သည်ဟု လေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့ အကြီးအကဲ အဘာ ဟာဒီဘင်အာမက်အယ်မန်ဆော်ရီက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်