ဖောင်းပြင် ၁၈ ဇွန်

ဖောင်းပြင်မြို့ မီးသတ်ဦးစီးဌာနမှ ရေကြောင်းဖြင့်သွားလာနေကြသော ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် အမြန်ရေယာဉ်များအား စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း ဖောင်းပြင်(ပြန်/ဆက်)မှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမြန်ရေယာဉ်တစ်စီးသည် အရေးပေါ်ယာဉ်အန္တရာယ် ဖြစ်ပေါ်လာပါက ခရီးသည်များအား ဘေးကင်းလုံခြုံမှုပေးနိုင်ရေးအတွက် အသက်ကယ်အင်္ကျီများ၊ ဘောကွင်းများ၊ မီးသတ်ဆေးဘူးများ ထားရှိရမည်ဖြစ်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုရှိ မရှိ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အလားတူ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခြားရေယာဉ်စစ်ဆေးရေး အဖွဲ့ဝင်များသည် ခွင့်ပြုခရီးသည်ထက် ကျော်လွန်၍ တင်ဆောင်ခြင်း ရှိ၊ မရှိစစ်ဆေးခြင်းနှင့် သတ်မှတ်တန်ချိန်ထက် ကျော်လွန်တင်ဆောင်ခြင်း မရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MDN

 

mdn

 

mdn