၁၈ ဇွန်

အီဂျစ်သမ္မတဟောင်း မိုဟာမက် မော်ဆီဟာ မနေ့က တရားရုံးမှာ လဲကျရာ ဆေးရုံတစ်ရုံကို ခေါ်ဆောင်သွားခဲ့ပေမယ့် ညနေ ၄:၅၀ မှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

mdn

 

အသက် ၆၇ နှစ်အရွယ် မော်ဆီဟာ နှလုံးခုန်ရပ်ပြီး သေဆုံးခဲ့ကြောင်း အီဂျစ်အစိုးရပိုင်ရုပ်မြင်သံကြားက ကြေညာသွားပါတယ်။ မနေ့က သေဆုံးခဲ့ သမ္မတဟောင်းကို ဒီကနေ့မှာ ကိုင်ရိုမြို့ရဲ့ အရှေ့ဘက်ရှိ မန်ဒီနက်ဆာမှာ မြှုပ်နှံလိုက်ကြောင်း သိရပါတယ်။

 

mdn

 

မော်ဆီကို ၁၉၅၁ ခုနှစ်တွင် အယ်ဒဝါ ရွာကလေးမှာ မွေးဖွားခဲ့ပြီး ကိုင်ရိုတက္ကသိုလ်ကနေ အင်ဂျင်နီယာဘွဲ့ကို ၁၉၇၀ ပြည့်နှစ်များက ရရှိခဲ့ပြီး ဒေါက်တာဘွဲ့ကို အမေရိကန်နိုင်ငံကနေ ရရှိခဲ့သူဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ရွေးကောက်ပွဲအတွက် မူစလင်ဘရားသားဟု ပါတီရဲ့ သမ္မတလောင်းအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ မော်ဆီဟာ ဒီမိုကရေစီနည်းအရ ပထမဦးဆုံး ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။ သမ္မတအဖြစ်တာဝန်ယူထားစဉ်မှာ စီးပွားရေးကိုင်တွယ်မှု ညံ့ဖျင်းမှုနဲ့ အစ္စလမ်မစ်အဖွဲ့ရဲ့ အာဏာသိမ်းယူမှု ဖြစ်နိုင်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သမ္မတအာဏာ အသိမ်းခံလိုက်ပါတယ်။ 

 

mdn

 

၂၀၁၃ ခုနှစ် ဇွန် ၃၀ မှာ စစ်အာဏာသိမ်းပြီး မော်ဆီကို ရာထူးက ဖယ်ရှားပြီး အကျဉ်းချထားခဲ့ပါတယ်။ ၃ ရက်အတွင်းမှာ စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ကြားဖြတ်အစိုးရကနေ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကြေညာပြီး  မော်ဆီကို ဆက်လက်ဖမ်းဆီးထားခဲ့ပါတယ်။ 

၂၀၁၄ ခုနှစ်ရွေးကောက်ပွဲမှာ စစ်ဦးစီးချုပ် အက်ဒူလာ ဖာတာ အယ် စီစီက ဟာ အငြိမ်းစားယူပြီး ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပါတယ်။  ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာလည်း  အယ် စီစီ ပြန်လည် ရွေးကောက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ 


MDN
ကိုးကား - AFP

 

mdn