၁၈ ဇွန်

အာဖဂန်နစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ကင်ဆာဝေဒနာခံစားရသူပေါင်း ၂၀ဝ၀ဝ ကျော်ရှိသည့်အနက် ၁၅၀ဝ၀ ကျော် သေဆုံးခဲ့ကြောင်း အာဖဂန်နစ္စတန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ကင်ဆာရောဂါ အမျိုးမျိုးခံစားနေရသည့် အာဖဂန်နိုင်ငံသား  ၄၀ဝ၀ဝ နီးပါးရှိရာ ၂၀၁၈ ခုနှစ်တွင် ထိုရောဂါခံစားရသူပေါင်း ၁၅၀ဝ၀ သေဆုံးခဲ့သည်ဟု ၎င်းကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူ ဒေါက်တာ ဖီဒါ မိုဟာမက် ပီကန် ပြောကြားချက်ကို ကိုးကားပြီး ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ရင်သားကင်ဆာရောဂါ အများစု ဖြစ်ပွားနေပြီး ယင်းရောဂါ ခံစားရသည့် အမျိုးသမီး စုစုပေါင်း ၇၀ဝ၀ အနက် ၁၇၀ဝ ကျော်မှာ ပြီးခဲ့သည့်နှစ်က သေဆုံးခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

ထောင်ချီရှိသော ကင်ဆာရောဂါခံစားရသည့် အာဖဂန်နိုင်ငံသားများသည်  ထိုကင်ဆာရောဂါကုသရန် ပါကစ္စတန် နှင့် အိန္ဒိယ စသည့် ပြည်ပနိုင်ငံများသို့ သွားရောက်ကာ အမေရိကန်ဒေါ်လာသန်းချီ အကုန်အကျခံ ကုသမှုခံယူခဲ့ကြသည်ဟု သိရသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို