မင်းကင်း ၁၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ မြို့မစည်ပင်သာယာရေးဈေးနှင့် ကျောင်းဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများ စစ်ဆေးအသိပညာပေးခြင်းကို ယနေ့နံနက်၈နာရီက ပြုလုပ်ခဲ့သည်။

ထိုသို့ စားသောက်ကုန်များရောင်းချရာတွင် FDA မှ ခွင့်ပြုချက်ပါ အမှတ်တံဆိပ်များကိုသာရောင်းချကြရန်နှင့် ရက်လွန်စားသောက်ကုန်များကို မရောင်းချကြရန် မြို့နယ်စားသုံးရေးရာ တာဝန်ခံ ဦးဝင်းမင်းဦးက မှာကြားခဲ့သည်။

ယင်းနောက် မြို့မစည်ပင်သာယာရေးဈေးနှင့် ကျောင်းဈေးဆိုင်များသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်နိုင်ဇော်၊ မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဦးကျန်ထိုက်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ်ရီရီထွေးကျော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့မစည်ပင်ဈေးမှ ဈေးခေါင်းနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်မေသက်နွယ်တို့က လိုက်လံစစ်ဆေးကာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချင်းတွင်းသား