မိုးကောင်း ၁၈ ဇွန်
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ တိုင်းရင်းဆေး အသိပညာပေးမှုနှင့် ဆေးကုသမှု နယ်လှည့်ဆောင်ရွက်ခြင်းကို ပင်းခါးကျေးရွာ အ.မ.က(ပင်းခါး) ကျောင်းနှင့် ဘက်စုံသုံးခန်းမဆောင်တို့၌ ယနေ့မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မူးယစ်ဆေး၊ သွေးလွန်တုပ်ကွေးကာကွယ်ရေး၊ ခြင်လောက်လန်းနှိမ်နှင်းရေး အသိပညာပေး နံရံကပ်များ၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသပြီး ဖြန့်ဝေပေးခဲ့သည့် အပြင် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီနီလွင်က နံရံကပ်စာစောင်ပါ အကြောင်းအရာများကိုလည်း အသိပညာပေး ဟောပြောခဲ့သည်။
အလားတူစွာ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်လေးလေးသန့်၊ လက်ထောက်တိုင်းရင်းဆေးမှူးတို့က အ.မ.ကကျောင်းမှ ကျောင်းသား ကျောင်းသူများအား တိုင်းရင်းဆေး အသိပညာပေးဟောပြောခြင်းနှင့် ပင်းခါးကျေးရွာဒေသခံများအား တိုင်းရင်းဆေးကုသမှု ၊ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှု ဆောင်ရွက်ကြကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)