တောင်ကြီး ၁၈ ဇွန်   

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့နယ် သစ်တောဦးစီးဌာနက ၂၀၁၉ ခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးရန်နှင့် အခြားအရိပ်ရ ပျိုးပင်ပေါင်း (၁၃၅၀ဝ၀)ကို မြို့နယ်အတွင်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

6666

 

တောင်ကြီးမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးရန် ကျွန်းပင် ၁၄၅၀ဝ၊ ခါတော်မီ ၈၆၄၈ ပင်၊ ယမနေ ပင် ၃၀ဝ၀၊ ထင်းရှူး ၂၉၈၂၆ ပင်၊ ပျဉ်းကတိုးပင် ၁၅၀ဝ၊ မန်ဂျန်ရှားပင် ၁၀ဝ၀၊ ဝါး ၁၃၀၉ ပင်၊ လျှော်ဖြူပင် ၆၂၀ဝ၊ ချယ်ရီပင် ၇၀ဝ၀၊ စိန်ပန်းပြာ ၆၂၅၀ ပင်၊ စိန်ပန်းနီ ၄၂၉ ပင် ရေသင်းဝင်ပင် ၁၁၀ဝ၀၊ မယ်ဇလီပင် ၈၀ဝ၀၊ ခရေ ၁၈၃၄ ပင်၊ စွယ်တော် ၇၀၄ ပင်၊ သစ်အယ်ပင် ၅၀ဝ၊ ပနားမားငုပင် ၃၀ဝ၀၊ နှစ်ရှည်သီးပင်စားပင်အဖြစ် ထောပတ်ပင် ၁၄၅၀ဝ၊ မျောက်ငို (ချင်းဒညင်း)ပင် ၅၀ဝ၀၊ ပိန္နဲပင် ၇၀ဝ၀၊ သရက်ပင် ၃၈၀ဝ၊ အခြားအရိပ်ရပင်နှင့် အလှပန်းပင်တို့ကို သစ်တောဦးစီးဌာန တောင်ကြီးမြို့ မြို့မပျိုးဥယျာဉ်၊ အေးသာယာပျိုးဥယျဉ်၊ ဟဲကယ် ဥယျဉ်၊ လွယ်တော်ဥယျဉ်၊ ရေသပြေဥယျဉ်၊ ကျောက်တလုံးကြီးဥယျဉ်တို့တွင် ပျိုးထောင်ထားပြီးဖြစ်ကြောင်း သိရသည်။

 

88

 

အဆိုပါပျိုးပင်များကို မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် ဖြန့်ဝေပေးမည်ဖြစ်ပြီး အခြား အဖွဲ့အစည်း၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ဖြစ်စေ၊  တစ်ဦးချင်းတစ်နိုင်တစ်ပိုင်ဖြစ်စေ သစ်ပင် စိုက်ပျိုးမည့်သူများ ပျိုးပင်များ လိုအပ်ပါက အခမဲ့လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှ သိရသည်။

အေးအေးစိုး (ပြန်/ဆက်)