ကျွန်းလှ ၁၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာ တောင်သူ ဦးလှမောင်ကြီး၏ FAWငမြောင်တောင်ပိုးကျရောက်နေသော မိုးအစေ့ထုတ်ပြောင်းတစ်ဧကတွင် ယနေ့ ညနေက စုပေါင်းဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြောင်းစိုက်ခင်းမှာ အစောဆုံး ရေတင်စိုက်ပျိုးထားသော ပြောင်းခင်းဖြစ်ပြီး ငမြောင်တောင်ပိုး ကျရောက်နေ၍ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းပြီး ပြောင်းပင်၏အရွက်အတွင်း ရောက်သည်အထိ ယူနီဆိုက်ပါဖို့စ် ဆေးဖျန်းနှိမ်နင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် မိုးအစေ့ထုတ်ပြောင်း ၁၇၇၀၅ ဧက စိုက်ပျိုးထားပြီး FAWငမြောင်တောင်ပိုး ဆက်လက် ပျံ့နှံ့မှုမရှိစေရန် ပြောင်းစိုက်ခင်းများအား စောင့်ကြည့်ခြင်း၊ ကြိုတင်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)