ရန်ကုန် ၁၈ ဇွန်
၂၀၁၉ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်ပုဒ် ပြိုင်ပွဲများအတွက် ဆုရသူများစာရင်းကို ယနေ့ ထုတ်ပြန်ကြေညာ လိုက်ကြောင်း သိရသည်။
ဝတ္ထုတိုပြိုင်ပွဲတွင် ဦးစိုးမြင့် (ရဲမင်းစိုး)၏ “တစ်ပွင့်နွမ်းသော်လည်း တစ်ပွင့်ပန်းတော့လှစေချင်” ဝတ္ထုတိုက ပထမ၊ ဒေါ်မြင့်မြင့်သန်း (မေကျော်-ပြန်/ဆက်)၏ “အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ဝတ္ထုတိုက ဒုတိယ၊ ဦးဌေးအောင်(သက်ဝေမှူး)၏ “မှော်ရုံတောကို ကျောခိုင်း၍” ဝတ္ထုတိုက တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် ဦးအောင်ကိုကိုဦး (ထက်ဝေအောင်-စစ်ကိုင်း)၏ “ကြိုက်တဲ့ အရပ်မျက်နှာမူနိုင်စေ”၊ ဦးစန်းမြင့် (ရွှေညောင်မြေမောင်စန်းမြင့်)၏ “လေပြေညင်းလေးအေးပါစေ၊ ပန်းနံ့မွှေးပါစေ"၊ ဦးရဲညွန့် (ရဲရဲထွန်းတောက်-မွှေးလုံး)၏ “အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့ သို့မဟုတ် ပန်းပျိုးလက်” ဝတ္ထုတိုတို့က လည်းကောင်း။
ဆောင်းပါးပြိုင်ပွဲတွင် ဒေါ်ခင်နှင်းရီ (ခင်နှင်းရည်- ရန်ကုန်တက္ကသိုလ်)၏ “အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့" ဆောင်းပါးကပထမ၊ ဦးမြင့်သိန်း (ဒုတိယရဲမှူးကြီး-ငြိမ်း) (ဘုန်းမင်းရာဇာ)၏ “အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့" ဆောင်းပါးက ဒုတိယ၊ ဦးထိန်လင်း (လင်းအရုဏ်ဦး-ပဲခူး)၏ “အပေါင်းအသင်းရွေးချယ်ပါ” ဆောင်းပါးက တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် ဦးသန်းထွဋ်ဝင်း (သန်းထွဋ်ဝင်း)၏ “အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့”၊ ဗိုလ်ကြီးလွင်ဘိုဘိုအောင် (ဗိုလ်ကြီးလွင်ဘိုဘိုအောင်)၏ “နိုင်ငံကိုချစ် လူမျိုးချစ်၊ မူးယစ်မှန်သမျှ တိုက်ဖျက်ပစ်"၊ ဗိုလ်ကြီးညွန့်ဝင်း(ငြိမ်း) (ဘုန်းမောင်ဝင်း-ဖျာပုံ)၏ “အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့" ဆောင်းပါးတို့က လည်းကောင်း။
ကဗျာပြိုင်ပွဲတွင် ဦးဝင်းထွန်း (ထွန်းထွန်း-လားရှိုး)၏ “ဆေးဝါးမူးယစ် ရှောင်ရှားပစ် အချစ်မဝင် အပြစ်မြင်” ကဗျာက ပထမ၊ ဗိုလ်ကြီးသက်နောင် (ပုလောစိုးနံ့သာ)၏ “မူးယစ်ကင်းဇုန်တို့ ရိပ်မြုံ" ကဗျာက ဒုတိယ၊ ဗိုလ်ကြီးညွန့်ဝင်း(ငြိမ်း) (ဘုန်းမောင်ဝင်း-ဖျာပုံ)၏ “နိုင်ငံကိုချစ် လူမျိုးချစ် မူးယစ်မှန်သမျှ တိုက်ဖျက်ပစ်" ကဗျာက တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် ဒေါ်သင်းသင်းလှိုင် (ချိုစင်သင်းလှိုင်)၏ “အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့”၊ ဦးထွားမောင် (မောင်လွန်းမြိုင်-ပင်လယ်ဘူး)၏ “အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့"၊ ဦးအေးဝင်း (မင်းသစ်ဝင်း-ကျောက်တံခါး)၏ “မျိုးဆက်သစ်ဘဝလှပဖို့ မူးယစ်ဟူသမျှ ရှောင်ရှားစို့" ကဗျာတို့က လည်းကောင်း။
တေးသီချင်းပြိုင်ပွဲတွင် ဗိုလ်ကြီးဉာဏ်ပိုင်စိုး(စစ်သူ)၏ “အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်ဆေးဝါး တိုက်ဖျက်စို့" တေးသီချင်းက ပထမ၊ ဒေါ်မြင့်မြင့်စိုး (စိုးစိုး-မြန်မာစာ)၏ “မျိုးဆက်သစ်ဘဝလှပဖို့ မူးယစ်ဟူသမျှ ရှောင်ရှားစို့" တေးသီချင်းက ဒုတိယ၊ ဒေါ်ခင်စန္ဒီစိမ့် (အလင်္ကာမေ)၏ “မူးယစ်ဆေးကို ကမ္ဘာမြေမှ မောင်းထုတ်စို့" တေးသီချင်းက တတိယဆုများရ ရှိကြပြီး အထူးဆုများအဖြစ် ဦးမျိုးဆွေသန့် (မျိုးဆွေသန့်)၏ “တိုက်ဖျက်တားဆီး မူးယစ်မီး"၊ ဦးမောင်မောင်လှ (မောင်မောင်လှ(ခ) စောအောင်)၏ “မျိုးဆက်သစ်ဘဝလှပဖို့ မူးယစ်ဟူသမျှ ရှောင်ရှားစို့” နှင့် ဗိုလ်ကြီး ထွန်းထွန်းလတ်(ကိုဘခက်)၏ “ငရဲလမ်းထဲက ရုန်းထွက်လိုက်ပါ” တေးသီချင်းတို့က လည်းကောင်း။
ဓာတ်ပုံပြိုင်ပွဲတွင် ဦးမင်းဇော်(မင်းဇာနည်ဇော်)၏ “မျိုးဆက်သစ်ဘဝလှပဖို့ မူးယစ်ဟူသမျှ ရှောင်ရှားစို့" ကပထမ၊ မဆုလတ်ရွှေရည်ဇော်၏ “အပေါင်းအသင်း ရွေးချယ်ပါ"က ဒုတိယ၊ ဦးအေးလွင်ဦး (အေးလွင်ဦး-ရွှေပန်းချီ/ ရမည်းသင်း)၏ “အပေါင်းအသင်း ရွေးချယ်ပါ" က တတိယဆုများရရှိကြပြီး အထူးဆုများအဖြစ် ဦးဇော်ဇော်ဝေ (ဇော်ဇော်ဝေ-ဆင်ဖြူကျွန်း)၏ “နိုင်ငံကိုချစ် လူမျိုးချစ် မူးယစ်မှန်သမျှ တိုက်ဖျက်ပစ်၊ ဦးဌေးလွင် (ဌေးလွင်-အမရပူရ)၏ “အပေါင်းအသင်း ရွေးချယ်ပါ"နှင့် ဦးမင်းသူ(ပုဂံမင်းသူ)၏ “အပေါင်းအသင်း ရွေးချယ်ပါ" တို့က လည်းကောင်း။
ကွန်ပျူတာ ပိုစတာပြိုင်ပွဲတွင် ဦးအေးလွင်ဦး (အေးလွင်ဦး-ရွှေပန်းချီ/ ရမည်းသင်း)၏ “မျိုးဆက်သစ်ဘဝ လှပဖို့၊ မူးယစ်ဟူသမျှ ရှောင်ရှားစို့" က ပထမ၊ ရဲဒုတပ်ကြပ် သက်ဇော်မင်း (သက်ဇော်မင်း)၏ “ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ မူးယစ်ရန်မီး ငြိမ်းသတ်စို့" က ဒုတိယ၊ မောင်ရှိုင်းထက်၏ “နိုင်ငံကိုချစ် လူမျိုးချစ် မူးယစ်မှန်သမျှ တိုက်ဖျက်ပစ်” က တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မဝင့်ကေခိုင်မြင့်၏ “အပေါင်းအသင်းရွေးချယ်ပါ"၊ မမေသဉ္ဇာသွန်း (သွန်းသွန်း)၏ “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့”၊ ဦးအောင်ကျော်မြင့်၏ “ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ မူးယစ်ရန်မီး ငြိမ်းသတ်စို့" တို့က လည်းကောင်း။
ပန်းချီမူလတန်းအဆင့် ပြိုင်ပွဲတွင် မဖြူစင်သက်မှူး အမက(၁)ဗဟန်းက ပထမ၊ မောင်စွမ်းပြည့်ဝင်း အထက(၃)ပဲခူးက ဒုတိယနှင့် မသွန်းဟေသော် ထ(ခွဲ)အလက(၁၁) အောင်မြေသာစံက တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မခင်ကြယ်စင်ဦး အမက (အရှေ့)ကျောက်တန်း၊ မမိုးရတီစံ TTC ကမာရွတ်နှင့် မအေးနဒီလှိုင် အထက(ဖားကန့်)တို့က လည်းကောင်း။
ပန်းချီ အလယ်တန်းအဆင့်ပြိုင်ပွဲတွင် မပြည့်ပြည့်မိုး အထက(၄)ထားဝယ်က ပထမ၊ မခင်ပြည့်ပြည့်ကျော် အထက(၁) သန်လျင်က ဒုတိယနှင့် မပြည့်စုံခိုင် အထက(၅) လွိုင်ကော်က တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မဟေမာန်နှင်းပွင့်အောင် အထက(၇)တောင်ငူ၊ မခြူးသံသာကျော် A.L.B.A ကိုယ်ပိုင်ကျောင်း ရန်ကုန်နှင့် မအိဖြူစင်ကို အထက(၁)သန်လျင်တို့က လည်းကောင်း။
ပန်းချီအထက်တန်းအဆင့် ပြိုင်ပွဲတွင် မောင်ကောင်းထွဋ်ဟန် အထက(၁) ဘိုကလေး ကပထမ၊ မချောစုစုဟန် အထက(၂) စမ်းချောင်းက ဒုတိယနှင့် မောင်စောအာယု အထက (လှာကာ) ဘားအံက တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မနန်းမိုးပြည့်ပြည့်ကျော် ထ(ခွဲ) အလက(၁၄) အောင်မြေသာစံ၊ မဆုရည်မွန်မြင့် အထက(၂) ဗဟန်းနှင့် မောင်ရဲရင့်မြတ်သူ အထက (၂)ဗဟန်းတို့က လည်းကောင်း။
ကာတွန်းမူလတန်းအဆင့် ပြိုင်ပွဲတွင် မချောသီရိလဝန်း အလက (မြို့မ) ကျောက်တန်းက ပထမ၊ မသန့်နေခြည်ထွန်း Pride I S M ကိုယ်ပိုင်ကျောင်း ကမာရွတ်က ဒုတိယနှင့် မောင်ခန့်ဘုန်းစစ် အထက(၂) ကျောက်တန်းက တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မောင်ထူးဆက်အောင် အလက(မြို့မ) ကျောက်တန်း၊ မခင်ဖြိုးပန်းချီ အမက(၂၄) ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် မောင်လင်းမောင်မောင် ချယ်ရီတန် ကိုယ်ပိုင်အလယ်တန်းကျောင်း ဗန်းမော် တို့က လည်းကောင်း။
ကာတွန်းအလယ်တန်း အဆင့်ပြိုင်ပွဲတွင် မထက်နဒီအောင် အထက(၂)ကျောက်တန်း ကပထမ၊ မောင်လင်းထက်ရဲရင့် အလက(မြို့မ) ကျောက်တန်းက ဒုတိယနှင့် မောင်အောင်ဖြိုးဇော် အထက(၂)ကျောက်တန်းက တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မမေသူကို TTC ကမာရွတ်၊ မောင်ကောင်းမြတ်မင်း အလက(ချည်မျှင်) ရွှေတောင်နှင့် မယွန်းရွှေရည် အထက(၁)တောင်ကြီးတို့က လည်းကောင်း။
ကာတွန်းအထက်တန်းအဆင့် ပြိုင်ပွဲတွင် မဟန်စုရည်ထွန်းကောင်းစုံ ကိုယ်ပိုင်အထက်တန်းကျောင်း ဒဂုံက ပထမ၊ မကြည်ဇင်သန့် အထက(၂)လသာက ဒုတိယနှင့် မမေသဉ္ဇာသွန်း အထက(၄)အလုံက တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မအိဇာနည်ဖြိုး အထက(၁)ဒဂုံ၊ မောင်ဟန်ထူးအောင် အထက(၁)ဒဂုံနှင့် မရွှေရည်ဝင်းထက် အထက(၂)စမ်းချောင်းတို့က လည်းကောင်း။
ပိုစတာမူလတန်းအဆင့်ပြိုင်ပွဲတွင် မောင်ဝင်းထွန်းဦး အလက(ခွဲ)နမ့်ကွတ် လွိုင်ကော်က ပထမ၊ မနှင်းဧကရီလင်း အလက(၃)ဒဂုံမြို့သစ် (မြောက်ပိုင်း)က ဒုတိယနှင့် မအိမ့်နဒီဟန် အမရပူရ ပါတနာကိုယ်ပိုင်အလယ်တန်းကျောင်း မန္တလေးက တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မဖြူစင်လင်းမြတ် အထက(၁)ညောင်တုန်း၊ မောင်ပြည့်စုံဖုန်းမြင့် အမက (တောင်ပိုင်း) ဖျာပုံနှင့် မဇူးထက်ရတီလင်း အထက(အုတ်တွင်း)တို့က လည်းကောင်း။
ပိုစတာ အလယ်တန်းအဆင့်ပြိုင်ပွဲတွင် မရွှန်းမြတ်အိမ် အထက(၄)သာကေတက ပထမ၊ မောင်ဘုန်းမြတ်အောင်(ခ) CHRIS A.L.B.A ကိုယ်ပိုင်ကျောင်း ရန်ကုန်က ဒုတိယနှင့် မသန့်ဖြူစင်ထ (ခွဲ)အလက(၁) မအူပင်က တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မောင်ကောင်းမြတ်သူ အထက(၂)ကျောက်တန်း၊ မယုယခင် တိုးတက်အောင်ကိုယ်ပိုင် အထက်တန်းကျောင်း ရန်ကုန်နှင့် မောင်မင်းသူ့ကျော် အလက(မြို့မ)ကျောက်တန်းတို့က လည်းကောင်း။
ပိုစတာ အထက်တန်းအဆင့်ပြိုင်ပွဲတွင် မမိုးမြင့်သဒ္ဓါ အထက(၁) ဒဂုံကပထမ၊ မမြတ်နိုးချယ်ရီ အထက(၁၇) အောင်မြေသာစံက ဒုတိယနှင့် မဗျားမြာ ထ(ခွဲ)နမ့်ကွတ် လွိုင်ကော်က တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မောင်ဟန်ထူးအောင် အထက(၁)ဒဂုံ၊ မောင်သွင်ထူးဆက် အလက(၃)ဒဂုံမြို့သစ် (မြောက်ပိုင်း)နှင့် မောင်တိုးဝေအောင် ကောင်းထက်ကျော်ကိုယ်ပိုင်အထက်တန်းကျောင်း တာမွေတို့က လည်းကောင်း။
ကွန်ပျုတာ ပန်းချီအလယ်တန်းအဆင့် ပြိုင်ပွဲတွင် မောင်ကျော်စည်သူဇင် P.E.C ကိုယ်ပိုင်အထက်တန်းကျောင်း ပုသိမ်မြို့က ပထမ၊ မခင်ပြည့်စုံ အထက(ကဝ)ကဒုတိယနှင့် မအိသဉ္ဇာခိုင် အထက(၉) မော်လမြိုင်က တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မရွှေမြတ်မိုးထွန်း ပညာနန်းတော် ကိုယ်ပိုင်အထက်တန်းကျောင်း သုဝဏ္ဏ၊ မောင်အာကာဝိုင်း S.E.C ကိုယ်ပိုင်အထက်တန်းကျောင်း မုံရွာနှင့် မောင်စိုင်းစွမ်းထက်လင်း အထက(၁) တောင်ကြီး တို့က လည်းကောင်း။
ကွန်ပျုတာပန်းချီ အထက်တန်းအဆင့် ပြိုင်ပွဲတွင် မထရေဇာဂျာဆန်အောင် အထက(၁) မြစ်ကြီးနားက ပထမ၊ မောင်ရဲရင့်မြတ်သူ အထက(၂)ဗဟန်းက ဒုတိယနှင့် မပွင့်နေခြည်မြင့် အထက(၂) စမ်းချောင်းက တတိယဆုများ ရရှိကြပြီး အထူးဆုများအဖြစ် မထက်တင်ဇာမြင့် အထက(၂)စမ်းချောင်း၊ မဝင့်သူဇာသိမ့် နေခြည်ကိုယ်ပိုင် အထက်တန်းကျောင်း မကွေးနှင့် မောင်ကိုကိုချစ် အထက(၁)ဒဂုံတို့က လည်းကောင်း။
ဆောင်ပုဒ် ပြိုင်ပွဲတွင် ဒေါ်လွင်လွင်ဘုန်း ဗဟန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးမှ “အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့"၊ ဦးမင်းဇာနည်ဇော် မြောက်ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးမှ “အပေါင်းအသင်း ရွေးချယ်ပါ"၊ ဦးစန်းငွေ(ကိုစန်းငွေ-ဧရာဝတီ) ပုသိမ်မြို့ ဧရာဝတီတိုင်းဒေသကြီးမှ “ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ မူးယစ်ရန်မီး ငြိမ်းသတ်စို့"၊ မစန်းဆုရည်သန့် (စန်းဆုရည်-ရန်ကုန်တက္ကသိုလ်) ရန်ကုန်တိုင်းဒေသကြီးမှ “နိုင်ငံကိုချစ် လူမျိုးချစ် မူးယစ်မှန်သမျှ တိုက်ဖျက်ပစ်" နှင့် ဒေါ်ရီရီမြ မဟာအောင်မြေမြို့နယ် မန္တလေးတိုင်း ဒေသကြီးမှ “မျိုးဆက်သစ်ဘဝ လှပဖို့၊ မူးယစ်ဟူသမျှ ရှောင်ရှားစို့" ဆောင်ပုဒ်တို့က လည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)