ချောက် ၁၉ ဇွန်        


မကွေးတိုင်းဒေသကြီး၊ ချောက်မြို့အခြေခံပညာအမှတ်(၂)အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက(၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ပြုံးရီက အဖွင့်အမှာစကား ပြောကြားပြီး၊ ချောက်မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး သိန်းဌေးဝင်းက ပရိုဂျက်တာဖြင့် မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးသုံးစွဲမိလျှင် ကြုံတွေ့မည့် အန္တရယ်ဆိုးများအား ကျောင်းသား၊ ကျောင်းသူများ နားလည်အောင် မူးယစ်ဆိုင်ရာ သိကောင်းစရာများအာ ရှင်းလင်းဟောပြောသည်။


ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးမှူးဒေါ်ချိုချိုမာက သဘာဝဘေး အန္တရယ်များ ဖြစ်သော အပူဒဏ်နှင့်လေထုညစ်ညမ်းမှုဆိုင်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သိကောင်းစရာများ၊ ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းဟောပြောခဲ့သည်။


အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးသိန်းဌေးဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ချိုချိုမာ၊ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၆၀ဝ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ကျော်မိုး(ပြန်/ဆက်)