တနိုင်း ၁၉ ဇွန် 


ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ ကင်ဆားရာရပ်ကွက် KBC နှင့် RC ဘုရားကျောင်းဝင်း အတွင်းရှိ ခေတ္တနေရပ်စွန့်ခွာသူများအား မြို့နယ်လဝကဦးစီးအရာရှိ ဦးဘုန်းကျော် ဦးဆောင် ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။


အဆိုပါ ကွင်းဆင်းဆောင်ရွက်ပြီးစီးသော KBC ဘုရားကျောင်းတွင် အိမ်ထောင်စု (၂၇) စုနှင့် RC ဘုရားကျောင်းတွင် အိမ်ထောင်စု(၆၉)စု၊ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား  ကျား(၂၁)ဦး၊ မ(၂၇)ဦး၊ စုစုပေါင်း(၄၈)ဦးနှင့် အသက်(၁၈)နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၁၆)ဦး၊ မ( ၁၅ )ဦး၊ စုစုပေါင်း ( ၃၁ )ဦး၊ အသက်( ၁၈ )နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္ထူ မ (၁)ဦး  စုစုပေါင်းကျား(၃၇)၊ မ(၄၃)၊ စုစုပေါင်း (၈၀)ဦးတို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနောင်နဂျာတန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်တို့ ပါဝင်သော ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)