ဓနုဖြူ ၁၉ ဇွန်


ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက စာရေးဆရာဒေါက်တာဖေမြင့်၏ "စဉ်းစားခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေစိုးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ပြောကြားပြီး Book Club အသင်းဝင်များက အချင်းချင်းမိတ်ဆက်စကားပြောကြားသည်။ 

 
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းမှ စဉ်းစားခြင်း စာအုပ်ထဲမှ အကြောင်းအရာများကို စတင်ဆွေးနွေးပေးခဲ့ပြီး မြို့နယ်စာရေးဆရာ ဦးမျိုးနိူင် စာရေးဆရာ ဆကာအောင်၊ ဦးဝင်းမြင့်(ဓနုဖြူ)၊ စာရေးဆရာ ကိုရဲကိုကို၊ စာရေးဆရာမ ဒေါ်ယဉ်မင်းခိုင်နှင့် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာမ သဇင်နီ (ဒေါ်တင်တင်ညို)တို့က စာရေးဆရာဒေါက်တာဖေမြင့်၏ "စဉ်းစားခြင်း" စာအုပ်ထဲမှ စဉ်းစားတွေးခေါ်ပုံ အကြောင်းအရာ အချက်အလက်များအား အသေးစိတ် ဖတ်ကြား၍ အမြင်များ အပြန်အလှန် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။


အောင်သူဟိဏ်း(ဓနုဖြူ)