နေပြည်တော် ၁၉ ဇွန် 

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၆ ရက်မှ ၁၈ ရက်အတွင်း ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းနေရာရှိ HYUNDAI PORTER II မော်တော်ယာဉ်ပေါ်မှ ကျွန်းတံခါး/ ပြူတင်းပေါက်/ မှန်လည် စုစုပေါင်း (၈၀)ချပ် (ဝ ဒသမ ၅၀၇၀) တန်နှင့် ပြစ်မှုကျူးလွန်သူတစ်ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ/ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း လယ်ဓမ္မကျေးရွာအနီးရှိ TOYOTA HIACE နှင့် SURF  မော်တော်ယာ‌ဉ် နှစ်စီးပေါ်မှ ကျွန်းခွဲသား (၁ ဒသမ ၆၅၅၈)တန်နှင့် ပြစ်မှုကျူးလွန်သူတစ်ဉီး၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထု-ပေါက်ကားလမ်းနေရာရှိ မော်တော်ယာဉ် တစ်စီးပေါ်မှ ပိတောက်ခွဲသား (၄ ဒသမ ၁၃၆၉) တန်နှင့် ပြစ်မှုကျူးလွန်သူတစ်ဉီး၊ ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်အတွင်းရှိ ELERAND မော်တော်ယာဉ်ပေါ်မှ ကျွန်း/ပျဉ်းကတိုးခွဲသား (ဝ ဒသမ ၉၈၀၆) တန်နှင့် ပြစ်မှုကျူးလွန်သူ တစ်ဉီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် ချောက်-ရေနံချောင်း ကားလမ်းရှိ NISSAN DISEL မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား (၆ ဒသမ ၅၈၂၈)တန်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ကျောက်မဆင်ကြိုးဝိုင်း အကွက်(၁၄)အတွင်းမှ ပျဉ်းကတိုးခွဲသား (၃ ဒသမ ဝ၄၆၄)တန်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။

မောင်လူမော်