ကျောက်ဆည် ၁၉ ဇွန်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊စာအုပ်စာစောင်ပြပွဲနှင့်အသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ကျောက်ဆည်မြို့၊အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း သုံထပ်ဆောင်အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျောင်အုပ်ဆရာကြီးဦးကျော်နိုင်သွင်က ဟောပြေပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့မရဲစခန်းမှူး၊ဒုရဲမှူးဝင်းမြင့်ဇော်က မူးယစ်ဆေးဝါးအမျိုးအစားများ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးဒေါ်ခင်စောလွင်က စာအုပ် စာစောင်များ လေ့လာဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာတိုးပွားကာ မူးယစ်ဆေးဝါးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ကြောင်းဆွေးနွေးဟောပြောခဲ့ပြီး မြို့မရဲစခန်းမှရဲဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲအပြီးတွင်တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူလေးများက မူးယစ်ဆေးဝါးများ နှင့်ပတ်သတ်သည့် နံရံကပ်စာစောင်၊ဓာတ်ပုံများနှင့်စာအုပ်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိ ရသည်။
သက်မောင် (ခရိုင် ပြန်/ဆက်)