မြောက်ဦး ၂၀ ဇွန်
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန်ရည် ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သစ်သီးဝလံနှင့် လူသုံးကုန်ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

သင်တန်းတွင် သစ်သီးဝလံဆိုင်ရာ နာနတ်ယိုပြုလုပ်နည်း၊ သရက်ယိုပြုလုပ်နည်း၊ ဝိုင်ပြုလုပ်နည်း၊ လူသုံးကုန်ထုတ်လုပ်နည်းဆိုင်ရာ ဆပ်ပြာပြုလုပ်နည်း၊ ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ အစရှိသော အိမ်တွင်း မှုအတတ်ပညာ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု နည်းပညာများကို သင်ကြားပြသလျှက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်တန်းဆရာမနှစ်ဦးမှ ရက်သတ္တနှစ်ပတ်ကြာသင်ကြားပြမည်ဖြစ်၍ အနီးနား ကျေးရွာများဖြစ်သော ပေါက်တောပြင်၊ ဝေသာလီ၊ ပန်းမြောင်း၊ ဂုဏ်ကျွန်း၊ ဘုရားကြီး၊ လက္ကာ၊ ထမ္မရာဇ်၊ မြောင်းဘွေ ကျေးရွာနေပြည်သူများနှင့် ကယ်ဆယ်ရေးစခန်းနေပြည်သူများတက်ရောက်ကြပြီး သင်တန်းသား ၃ ဦး၊ သင် တန်းသူ ၂၂ ဦး စုစုပေါင်း သင်တန်းသား၊သင်တန်းသူ ၂၅ ဦး တက်ရောက်လျှက်ရှိကြောင်း မြောက်ဦးခရိုင်ပြန်ဆက်မှ သိရှိရသည်။
MDN