ရန်ကုန် ၂၀ ဇွန်
ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် အဖွဲ့သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဇွန် ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် အာဆီယံပါလီမန် ခေါင်းဆောင်များ၏ အကြိုညှိနှိုင်းအစည်းအဝေးနှင့် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးကာလအတွင်း ပြုလုပ်ကျင်းပမည့် AIPA-ASEAN Interface သို့တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ လေကြောင်း ခရီးဖြင့်ထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် နှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အဖွဲ့တွင် ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများလိုက်ပါသွားကြသည်။
(သတင်းစဉ်)