ကျောက်ဆည်  ၂၁  ဇွန်


ကျောက်ဆည်မြို့၊ ခရိုင်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့ နံနက် ၁၀ နာရီက ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် တရားမဝင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ကျော့မြတ်ခိုင်က  ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲစတင်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၄) ကျောင်းမှ ကျောင်းသား/ကျောင်းသူ ၄၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။ပြိုင်ပွဲတွင်ဆုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများအား ဇွန် ၂၅ ရက်နေ့ နံနက် (၁၀)နာအချိန်၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဆုများ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရှိရသည်။


သက်မောင် (ခရိုင် ပြန်/ဆက်)