ခင်ဦး  ၂၁  ဇွန်


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွက်ကဲရေး ကော်မတီတို့သည် ယနေ့ နံနက် ၈ နာရီခွဲက ခင်ဦးမြို့မဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်များ၌ စားသောက်ကုန်ပစ္စည်းများ အမှတ်တံဆိပ် ပါ/မပါနှင့် အသားငါးဟင်းများ လတ်ဆတ်မှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ဆန်းဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးဋ္ဌေးတင့်၊ မြို့မတိုက်နယ်ကျန်းမာရေးမှူး ဦးလွင်မိုးဇော်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာ ဒုဦးစီးမှူး ဒေါက်တာ ဒေါ်ဇာဇာဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးကျော်သူခ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ကြည်ဆန်း၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများနှင့် မြို့မဈေး စားသုံးသူအကာအကွယ်ပေးရေး အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်၊ မုန့်ဆိုင်များနှင့် အသားငါးဟင်းခုံဆိုင်များသို့သွားရောက်၍ စားသောက်ကုန် ပစ္စည်းများတွင် အမှတ်တံဆိပ်နှင့် စတင်ထုတ်လုပ်၊ ကုန်ဆုံးသည့် ရက်/စွဲ၊ ထုပ်ပိုးမှုစနစ်တွင် ပါဝင်သည့် ပစ္စည်းများကို မြန်မာဘာသာဖြင့် ရိုက်နှိပ်ဖော်ပြထားခြင်း ရှိ/မရှိနှင့် အသားငါးဟင်းများ ရောင်းချရာတွင် လတ်ဆတ်သန့်ရှင်းမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ချစ်စံ(ခင်ဦး)