ကန်ကြီးထောင့်  ၂၁   ဇွန်  


ကျေးလက်နေ ပြည်သူများအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ဆေးကုသပေးခြင်းနှင့် ကျန်းမာရေး အသိပညာ ဖြန့်ဝေပေးခြင်းများကို ယနေ့နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ညောင်ငူကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြို့နယ်တိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်က နေ့စဉ်စားသောက်နေသော အစားအသောက်များထဲမှ ကျန်းမာရေးကို အထောက်အကူ ပြုစေသည့် အစားအသောက်များ အကြောင်းနှင့် ကျန်းမာရေး ကောင်းမွန်စေရန်အတွက် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းအီညိုက ပြည်သူလူထုအခြေပြု တီဘီရောဂါ တားဆီးကာကွယ်ရေး နှင့်ပက်သက်၍ အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် မြို့နယ်တိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စိန်ဌေးတို့မှ သွေးတိုး ဆီးချို၊ဇက်ကြောတက်၊နှလုံးတုန် ရင်တုန်၊ခေါင်းမူး၊ ခြေလက်ထုံကျင် အဆစ်အမြစ်ကိုက်ခဲ ဝေဒနာများနှင့် ပတ်သက်၍လာရောက်ပြသသော ဒေသခံပြည်သူ ၄၀ ကျော်အား အခမဲ့ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


နန်းထိုက် (KGD)