မင်းလှ ၂၁ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဇွန်လ၂၁ ရက် မွန်းလွဲ ၁ နာရီချိန်က မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး အဘွားများအား လူမှုရေးပင်စင်အကျိုးခံစားခွင့် (၃)လစာ ထောက်ပံ့ငွေပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေး ပင်စင်အကျိုးခံစားခွင့်(၃)လစာ ပေးအပ်ပွဲတွင် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမူဝန်ထမ်းဦးစီးဌာနမှ လူမူဝန်ထမ်း-၃ ဒေါ်မေနှင်းဖြူ ကမင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၆၆)အုပ်စု အတွင်းရှိ အသက် (၈၅)နှစ်အထက် အဘိုးအဘွား (၈၂၉) ဦးအတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် ငွေကျပ်(၂၄၈၇၀ဝ၀ဝ)အား၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)