ရန်ကုန် ၂၁  ဇွန် 

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး  မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်မြင့်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်တို့အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ လော်ဇန်းမြို့၌ ဇွန်(၂၂)ရက်မှ (၂၃)ရက်အထိ ကျင်းပမည့် International  Olympic Committee and  official Opening  of Olympic House သို့ တက်ရောက်ရန်နှင့် မြန်မာ့အားကစားဥပဒေ ရေးဆွဲရေးအတွက် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ ချမှတ်ထားသည့် မူဘောင်များနှင့် ကိုက်ညီစေရန်အတွက် NOC  Relations  Department  Head of Institutional   Relations and Governance  မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် ယမန်နေ့ည (၇)နာရီ (၄၅)မိနစ်က ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ခွာရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)