၂၁ ဇွန်

ဟောင်ကောင်တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းပြင်ဆင်ခြင်းကို ကန့်ကွက်သည့် ထောင်ချီရှိသော ဆန္ဒပြလူငယ်များ ဟောင်ကောင်အလယ်ပိုင်းရှိ ရဲဌာနချုပ်ကို ဝန်းရံကာဆန္ဒပြခဲ့သည်ဟု သိရသည်။

အဆိုပါ ဆန္ဒပြသမားများက “အကြမ်းဖက်မှုရပ်’’ ၊ “အကြမ်းဖက်ရဲတပ်ဖွဲ့အလိုမရှိ’’ ဟု အော်ဟစ်ခဲ့ကြသည်။ 

ထိုဆန္ဒပြသူများသည် အတားအဆီးများဖြင့် အဓိကကျသောလမ်း အပိုင်းကို ပိတ်ဆို့ခဲ့ကြပြီး ဥပဒေပြုလွှတ်တော်ပြင်ပတွင်လည်း ဆန္ဒပြခဲ့ကြကြောင်း အနီးနားရှိ အစိုးရအဆောက်အအုံကို ပိတ်ထားခဲ့ကြကြောင်း ဖော်ပြထားသည်။

 

mdn


ရဲတပ်ဖွဲ့က ဆန္ဒပြသူအချို့ နှင့် ဗုဒ္ဓဟူးနေ့ ည ၁၀ နာရီက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြသူများအပေါ် မျက်ရည်ယိုဗုံး နှင့် ရာဘာကျည်များ အသုံးပြု၍ လူစုခွဲဖို့ ကြိုးစားခဲ့ရာ ၇၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

ဇွန်လ ၁၂ ရက်နေ့က ဆန္ဒပြသူများအပေါ် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် ရာဘာကျည်ဆန်များ အသုံးပြုကာတိုက်ခိုက်ခဲ့ခြင်းကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့မှုကို ကန့်ကွက်ရန် သောကြာနေ့စုဝေးဆန္ဒပြဖို့ သတ်မှတ်ခဲ့သည်။ ဟောင်ကောင် ပြစ်မှုဆိုင်ရာ သံသယရှိသူများကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပေးပို့ရေးဆိုင်ရာ ဥပဒေပြန်လည်ပြင်ဆင်ရေးကို ဆန္ဒပြသူများက ကန့်ကွက်ခဲ့ကြသည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ဥပဒေမူကြမ်းကို ထိရောက်စွာ ဖျက်သိမ်းမည် ဖြစ်ပြီး ယင်းသို့ဆန္ဒပြပွဲဖြစ်စေခဲ့ခြင်းအတွက် ပြီးခဲ့သည့် အင်္ဂါနေ့က တောင်းပန်စကားပြောကြားခဲ့သော်လည်း ဆန္ဒပြသူများက ထိုဥပဒေမူကြမ်းကို ပြတ်ပြတ်သားသား ပြန်လည်ရုပ်သိမ်းပေးဖို့ အတွက် တောင်းဆိုခဲ့ကြသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို

 

mdn