နေပြည်တော်  ၂၁     ဇွန် 
    

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက် ၁၁ နာရီတွင် UNESCO အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr.Shigeru Aoyagi နှင့် မြန်မာနိုင်ငံဆိုင်ရာ UNESCO ဌာနေကိုယ်စားလှယ် Ms.Min Jeong Kim တို့ ပါဝင်သော အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

1


    

တွေ့ဆုံစဉ် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိ်ုင်ငံ ဒေသအနှံ့အပြား ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင် ဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန (Community Centres) များ၌ မီဒီယာနှင့် သတင်းအချက် အလက် သိနားလည်မှု (Media and Information Literacy -MIL)  သင်တန်းများ ဖွင့်လှစ်ပို့ချနိ်ုင်ရေး၊ Fake News နှင့် အမုန်းစကား ( Hate Speech) များအပေါ် ပြန်လည်တုံ့ပြန်ဆောင်ရွက်နိ်ုင်မည့် အခြေအနေများ၊ သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေ (RTI Law) ရေးဆွဲနေမှု အခြေအနေများနှင့် အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် စာနယ်ဇင်း ပညာဘာသာရပ် သင်ရိုးညွှန်းတမ်းအား ခေတ်စနစ်နှင့်အညီ ပြန်လည်သုံးသပ် ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ 

 

2

 

(သတင်းစဉ်)