မန္တလေး ၂၁ ဇွန်
မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက် တန်ဖိုးနည်းအိမ်ရာနေ ပြည်သူများအား ချမ်းမြသာစည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေ ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန် ၂၀ ရက် နံနက်ပိုင်းက တန်ဖိုးနည်းအိမ်ရာ မမ-၂၆ အတွင်းရှိ ပုညသဟာယ ဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးကလည်း ''အခုလိုရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိပါတယ်၊ အချိန်ကုန်လည်းသက်သာပြီး ငွေကြေးကုန်ကျမှုလည်းမရှိပါဘူး။ အိမ်တစ်အိမ်မှာ အိမ်ထောင်စုဇယားက အရေးကြီးပါတယ်၊ အိမ်ထောင်စုဇယားရှိမှလည်း မှတ်ပုံတင်လုပ်တာ၊ လူဦးရေအတိုးအေလျှာ့တွေ လုပ်လို့ရမှာပါ။ အိမ်ထာင်စုဇယားရပြီ ဆိုတော့ ကိုယ်ကိုယ်တိုင်းလည်း ဝမ်းသာရပါတယ်၊ လဝက ကလူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်''ဟု ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။
အောင်ဖြိုးကျော်