မြိတ် ၂၂ ဇွန်
မြိတ်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား လူမှုကရုဏာလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ ရှေးဦးပြုစုခြင်း ပညာရပ်များကို နားလည်တတ်မြောက်စေရန်နှင့် တက္ကသိုလ်ကိုယ်စားပြု ထူးချွန်ကြက်ခြေနီလူငယ် မောင်မယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြိတ်တက္ကသိုလ် ကြက်ခြေနီအသင်း(ခွဲ)နှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း သာမန်အဆင့် သင်တန်းကို ယနေ့ နံနက်(၉)နာရီက မြိတ်တက္ကသိုလ် သီရေတာ အဆောင်(၁)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ရှေးဦးပြုစုခြင်း သဘောတရားနှင့် အတွေးအခေါ်များ၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်းကို ထိန်းချုပ်ခြင်း၊ ခန္ဒာကိုယ်တည်ဆောက်ပုံနှင့် လုပ်ငန်းများ၊ လူနာဆန်းစစ်ခြင်း၊ ဆေးထည့်ခြင်းနှင့် ပတ်တီးစည်းခြင်းများ၊ အခြေခံအသက်အထောက်အကူပြုခြင်း၊ သတိလစ်မေ့မြောခြင်းနှင့် စိတ်ချရသော ဘေးစောင်းအနေအထား၊ ဦးခေါင်းဒဏ်ရာနှင့် ကျောရိုးတန်းမဒဏ်ရာ၊ လူငယ်နှင့်ရည်မှန်းချက်၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ၊ ကူးစက်ရောဂါ အကြောင်းသိကောင်းစရာများ စသောဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
သင်တန်းကို မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီနီဦးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ ဦးစီးမှူး ဒုတိယတန်း ဒေါ်အေးအေးသန်း က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်ခန်းစာများ စတင်ပို့ချခဲ့သည်။
သင်တန်း ကို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ (၁၀ဝ) ဦး တက်ရောက်ခဲ့ကြပြီး ဇွန် (၂၂)ရက်မှ ဇူလိုင်(၇)ရက်ထိ အပတ်စဉ် စနေနေ့နှင့် တနဂငေ်္နွနေ့များတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(မြိတ် ပြန်/ဆက် )