တောင်ကြီး ၂၂ ဇွန်  
    

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ကောင်ရွေးရွာ ချိန်ခါမှီလုံးကောင်ပညာဥယျာဉ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆောင်သစ် နှစ်ဆောင်ဖွင့်ပွဲကို နံနက် ၉ နာရီအချိန်တွင် ကျောင်းဆောင်သစ်၊ ဆောက်လုပ်လှူဒါန်းသည့် အလျား(၁၂၀)ပေ၊ အနံ(၃၀)ပေ၊ နှစ်ထပ်စာသင်ကျောင်းဆောင် နှစ်ဆောင်ရှေ့၌ ကျင်းပခဲ့သည်။
    

အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ စွန်းလွန်းကျောင်းဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ စင်္ကာပူနှင့် သီရိလင်္ကာနိုင်ငံမှ ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး Ms.Vanessa Chan နှင့် အလှူရှင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

1

    

အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သီချင်းနှင့် စင်္ကာပူသမ္မတနိုင်ငံ၊ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်၍ အခမ်းအနားကို ဖွင့်လှစ်လိုက်သည်။ ချိန်ခါမှီဓမ္မလုံးကောင် ကျောင်းထိုင်ဆရာတော် အရှင်အဂ္ဂဝံသ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး Ms.Vanessa Chanတို့က နှုတ်ခွန်ဆက်စကား အသီးသီးပြောကြားခဲ့သည်။ စင်္ကာပူရွှေကျောင်းဆရာတော်၏ ဗီဒီယိုမှတ်တမ်း ရှင်းလင်းတင်ခဲ့သည်။
    

စင်္ကာပူရွှေကျောင်းဆရာတော်ကိုယ်စား အရှင်ဒါနနှင့် အရှင်အဂ္ဂဝံသတို့က သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး Ms.Vanessa Chan၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပအိုဝ့်အမျိုးသားခေါင်းဆောင်ကြီး၏ ကိုယ်စားလှယ်တစ်ဦးအား ဂုဏ်ပြုလက်ဆောက်များအသီးသီး ပေးအပ်ခဲ့ကြသည်။ အဆောင်(A)ကို ချိန်ခါမှီဓမ္မလုံးကောင် ကျောင်းထိုင်ဆရာတော် အရှင်အဂ္ဂဝံသ၊ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး Ms.Vanessa Chanနှင့် ပြည်ပဆရာတော် နှစ်ပါးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အဆောင်(B)ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပအိုဝ့်အမျိုးသား ခေါင်းဆောင်ကြီး၏ကိုယ်စားတစ်ဦး၊ ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ပြည်ပဆရာတော်နှစ်ပါးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ကဗ္ဗည်းမော်ကွန်းကျောက်စာကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံ အမတ်ကြီး Ms.Vanessa Chan တို့က ကြိုးဆွဲ၍ ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့ သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြကာ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်ချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။


စိုင်းသန်းကျော်(တောင်ကြီး)