ကော့သောင်း ၂၃ ဇွန်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း တရားမဝင် ကုန်စည်စီးဆင်းမှုများအား တားဆီးထိန်းချုပ်နိုင်ရေး ကော့သောင်းခရိုင် တရားမဝင်ကုန်သွယ်မှုတားဆီးရေး အထူးအဖွဲ့ဖြစ်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ကော့သောင်းမြို့နယ်အတွင်း တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

8370

 

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးလုပ်ငန်းများအဖြစ် ယနေ့နံနက်ပိုင်း က တရားမဝင် ကုန်သွယ်မှု တားဆီးရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ထိုင်း-မြန်မာနယ်စပ် ဝင်ပေါက်များဖြစ်သည့် ကော့သောင်းမြို့ပေါ်ရေဆိပ် ဘုရင်နောင်တံတား၊ ငွေပင်လယ်ဆိပ်ခံတံတား၊ တော်ဝင်ဆိပ်ကမ်းတံတား၊ နယ်စပ်ဖြတ်ကူးတို့လှေဆိပ်နှင့် ပါချန်မြစ်ကမ်းတစ်လျှောက် ထိုင်းမြန်မာနယ်စပ် ကျေးရွာများဖြစ်သည့် မလိဝမ်းကျေးရွာ၊ ၂၂မိုင်ကျေးရွာ၊ ချောင်းစလန်းကျေးရွာ၊ သောင်ဖြူကျေးရွာ လှေဆိပ်များမှ တဆင့်   တဖက် နိုင်ငံမှ တရားမဝင်ကုန်စည်များ ဝင်ရောက်လာခြင်းရှိ/မရှိ၊ ကော့သောင်းမှတဆင့် မြန်မာနိုင်ငံအမြို့မြို့သို့ ပြေးဆွဲထွက်ခွာမည့် ခရီးသည်တင် မော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များပေါ် တင်ဆောင်ထားသည့် ကုန်ပစ္စည်းများအား နိုင်ငံတော်သို့ အခွန်ဆောင်ထားခြင်းရှိ/မရှိ၊ ကန့်သတ်တားမြစ်ထားသည့် တရားမဝင် ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းရှိ/မရှိ၊ ဥပဒေနှင့် မလွတ်ကင်းသည့် ကုန်ပစ္စည်းများ တင်ဆောင်ခြင်းရှိ/မရှိ စသည့်လုပ်ငန်းများအား ကွင်းဆင်းကြပ်မတ်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)
 

8417