ကော့သောင်း ၂၃ ဇွန်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပမည့် ပြည်သူ့စကားဝိုင်း ( Public Talk ) ကို လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ဇွန် ၂၅ ရက်၊ နံနက် ၁၀ နာရီ တွင် ကော့သောင်းမြို့ ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဏ္ဏဝါ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြည်သူ့စကားဝိုင်းတွင် ဦးခင်ဇော် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာ ခင်ဇော်(ခရိုင်ဆေးရုံအုပ်ကြီး၊ ကော့သောင်းခရိုင်)၊ ဒုရဲမှူးစိုးပိုင်(မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု)၊ ဒေါ်ကြည်ပြာစိုး(မြို့နယ်ဥပဒေအရာရှိ)၊ ဦးအောင်ကျော်စိုး(ဒုတိယမြို့နယ်ပညာရေးမှူး)တို့က ယနေ့ခေတ် လူငယ်လူရွယ်ထုအတွင်း စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည့် မူးယစ်ဆေးဝါး ပြဿနာများနှင့် စပ်လျဉ်း၍ ကျောင်းသားကျောင်းသူ လူငယ်များဆီသို့ ထိုးဖေါက်မရောက်ရှိလာရေး   သိသင့်သိထိုက်သည့် ဗဟုသုတများအား အသိပညာပေး ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)