ရန်ကုန် ၂၃ ဇွန်
သတို့သား သတို့သမီးများအတွက် မင်္ဂလာအခမ်းအနားကို အကောင်းဆုံးဖန်တီးပေးမည့် ပညာရှင်များ က ဝန်ဆောင်မှုများအား တစ်နေရာတည်းတွင် တွေ့ဆုံရမည့် Myanmar Wedding & Beauty Expo ပြပွဲကို ဇွန် ၂၁ ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ ဇွန် ၂၃ ရက်ထိ ရန်ကုန်မြို့ တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်ကို တွေ့မြင်ခဲ့ကြရပြီး ဖြစ်သည်။
" ဒီပွဲကျင်းပဖြစ်တာကတော့ ကျွန်မတို့ ထုတ်ခဲ့တဲ့ Susan’s Wedding Guide ဆိုတဲ့စာအုပ်လေးရဲ့(၁၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကျွန်မက Wedding Expo လုပ်ချင်တဲ့ ဆန္ဒရှိနေတာပေါ့၊ အဲ့ဒီ အပြင် beauty Expo ကပါ တွဲလုပ်ပြချင်တာဖြစ်တဲ့အတွက် Wedding & Beauty Expo 2019 ဆိုပြီး ဒီပွဲလေးကိုစီစဉ်ဖြစ်တာပါ၊ ပွဲကျင်းပတဲ့ ရည်ရွယ်ချက်ကတော့ တစ်နေရာထဲကို လာပြီးတော့ အလှအပအတွက်ရော၊ မင်္ဂလာ ပွဲအတွက်ပါ အရာအားလုံး ပြီးပြည့်စုံအောင် စီစဉ်ပေးနိုင်မဲ့ အသစ်အဆန်း ဝတ်စားဆင်ယင်မှုကို ပထမဆုံး တစ်ကိုယ်တော် ပြသတဲ့ ပွဲလေးပါ၊ ဒီပွဲတော်အတွင်း လာရောက်တဲ့သူတွေအနေနဲ့ ဆိုင်ခန်းတွေအားလုံး ပရိုမိုရှင်းတွေ အများကြီးရှိတဲ့အပြင် Lucky Draw အစီအစဉ်တွေလည်း ရှိပါတယ်။ ကံစမ်းခွင့်ကတော့ နှစ်ကြိမ်ရမှာဖြစ်ပါတယ်"ဟု Eternity Plus Co,Ltd Position Managing Director မသဇင်မင်းခိုင်က ပြောသည်။
အဆိုပါ အခမ်းအနားတွင်၊ ဒီဇိုင်နာများ ဖန်တီးထားသည့် ဝတ်စုံများဝတ်ဆင်၍ မိတ်ကပ်ပညာရှင်များမှ အလှအပဖန်တီးကာ လက်ဝတ်ရတနာများ ဆင်မြန်း၍အနုပညာရှင်များများက ရှိုးလျှောက်ပြသခဲ့သည်။ ၎င်းပွဲတွင် မြန်မာပြည်ဈေးကွက်၌ နာမည်ကြီးဆိုင်များ ဖြစ်သည့် Aroma zulu wedding studio၊ P.O.Q Myanmar Gems & Jewelry လက်ဝတ်ရတနာ၊ စိန်နှင့်မြ မွေ့ယာ ၊စသည်တို့က ပါဝင်ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး၊ ဓာတ်ပုံပညာရှင်များ၊ ဖိတ်စာ၊ လက်ဆောင်ကမ်း၊ ပန်းအလှဆင်၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ Hotel ဝန်ဆောင်မှုများ အပါအဝင် ဆိုင်ခန်းပေါင်း(၁၀၀) ကျော်ပါဝင်ပြသထားသဖြင့် ပြပွဲကာလအတွင်း နံနက် ၉ နာရီ ဖွင့်ချိန် မှ ညနေ ၅ နာရီထိ ပြည်တွင်းရှိ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)