ကန်ကြီးထောင့် ၂၄ ဇွန်
အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်လေးများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေး ရည်ရွယ်လျက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပမည့် "လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ကို ဇွန်လ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ဆပ်ကွင်း(အ.ထ.က) ကျောင်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းတွင် ကန်ကြီးထောင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလေးမြင့်၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဆွေ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ဖြူဖြူသင်း၊ ဦးအောင်မိုး (ကျောင်းအုပ်ကြီး၊အ.ထ.က(ခွဲ)သဘော့ငူ)နှင့် ဦးစိုးအောင်(လက်ထောက်ကျန်းမာရေးမှူး-ဒါးက) တို့မှ လူညွန့်တုံးပြီး ဘဝကိုပါဆုံးရှုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို ပါဝင်ဆွေးနွေးသွားကြမည်ဖြစ်ပြီး စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်းသိရသည်။
နန်းထိုက် (KGD)