ဂန့်ဂေါ ၂၄ ဇွန်
စားသုံးရေးရာဦးစီးဌာန ပခုက္ကူခရိုင်ရုံးကကြီးမှူး၍ ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဂန့်ဂေါမြို့၌ လူထုအခြေပြုဗဟိုဌာနအဖြစ် ဖွင့်လှစ်ထားရှိသည့် ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ပြုလုပ်သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းအောင် က အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန (ပခုက္ကူခရိုင်)ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဦးက အစား အသောက်၊ အသုံးအဆောင်ပစ္စည်းများနှင့် ပတ်သက်သည့်ဝန်ဆောင်မှုများ၊ စားသုံးသူရေးရာ ဥပဒေဆိုင်ရာများနှင့် ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာများကို ဟောပြောဆွေးနွေးသည်။
ထိုနောက်တက်ရောက်လာသည့် စားသောက်ကုန် ထုတ်လုပ်သူ ရောင်းချသူ၊ စီးပွါးရေးလုပ်ငန်းရှင်များ ၆၀ ကျော်တို့က သိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN