နေပြည်တော် ၂၄  ဇွန် 

ICT for Education Forum ကို နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ဇွန် ၂၇နှင့် ၂၈ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်သည် ပညာရေးဝန်ကြီးဌာနနှင့် သြစတြေးလျအစိုးရတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ့ပညာရေးအရည်အသွေးမြင့်များရေး လုပ်ငန်းအစီအစဉ်အရ ပညာရေးကဏ္ဍဦးဆောင်သူများ၊ ဆုံးဖြတ်ချက်ချမှတ် သူများ၊ ကျွမ်းကျင်သူများ၊ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍမှပူးပေါင်းဆောင်ရွက်သူများစုစည်းကာ ပညာရေးနယ်ပယ်အတွင်းရှိ ပညာရေးနည်းပညာများဆိုင်ရာ အကြံဉာဏ်များအပေါ် သင်ယူ၊ ဆွေးနွေးဖလှယ်နိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ICT for Education Forum ၏ ဆောင်ပုဒ်မှာ “ICT ကို အသုံးချလို့ ပညာခေတ်ကို ဖော်ဆောင်စို့” ဖြစ်သည်။

မောင်လူမော်