ဂွ ၂၄ ဇွန်

 

ရခိုင်ပြည်နယ် ဂွမြို့တွင် ရတနာမြိုင်ကျေးရွာမှ ဂွမြို့သို့ ပြေးဆွဲသော  ယာဉ်မောင်း ဦးစိုးမင်းဌေးမောင်းနှင်သည့် (၆)ဘီးကားသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ခရီးသည် (၁၉ ဦး)ဆန်အိတ် (၆၀)အိတ်တို့ကို တင်ဆောင်မောင်းနှင်လာရာ သံတွဲ-ဂွကားလမ်း မိုင်တိုင်အမှတ် (112.5)km နှင့် (113.5)km ကြား ဖာလာတောင်ဝဲဘက်လမ်းဘေးချောက်အတွင်းသို့ နောက်ပြန်ပြုတ်ကျခဲ့ကြောင်း သိရသည်။

 

အဆိုပါယာဉ်တိမ်းမှောက်မှုတွင် ကားပေါ်ပါလာသည့် ခရီးသည် (၁၉)ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ယင်းလူနာများကို လူမှုကူညီရေးအသင်းအဖွဲ့များက လူနာတင်ကားများဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ အပြင်လူနာ (၁၃)ဦးမှာ  ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း နှင့် အတွင်းလူနာ (၆)ဦးတို့မှာ ဆေးကုသခံယူလျက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ  သတင်းရရှိသည်။

 

MDN

 

e 6493432